ကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းတွေကနေ ပြန်လည်ခေါ်ထုတ်လာတဲ့ ကိုရီးယားနိုင်ငံသားတွေ ဥပဒေအရ အရေးယူခံရဖွယ်ရှိ

scam

ဆိုးလ်၊ အောက်တိုဘာ ၁၈ 

ဆိုက်ဘာလိမ်လည်မှုတွေမှာ ပါဝင်နေတယ်လို့ သံသရရှိတဲ့ တောင်ကိုရီးယားနိုင်ံငံသားတွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးခေါ်ထုတ်လာပြီးတဲ့နောက် ဌာနနိုင်ငံသို့ ပြန်ရောက်တဲ့အခါ ဥပဒေအရ အရေးယူမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ 

အဲ့ဒီလိုဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာအာဏာပိုင်နဲ့ ပေါင်းစည်းကား ကမ္ဘောဒီးယားနိုင်ငံမှ သီးသန့်လေယာဥ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က AFP သတင်းဌာနကို ဖြေကြားခဲ့တာပါ။ 

အရှေ့တောင်အာရှနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကို စုံစမ်းဖော်ထုတ်ဖို့  ယခုသီတင်းပတ်အထဲ တောင်ကိုရီးယားအစိုးရကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားနိုင်ငံကို စေလွှတ်ခဲ့ပြီးနောက် အခုလိုဖြစ်စဥ်တွေ ထွက်ပေါ်လာပါတယ်။ 

လွန်ခဲ့တဲ့ သောကြာနေ့က ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟာ တောင်ကိုရီးယားအစိုးရနဲ့အတူ သက်ဆိုင်ရာနိုင်ငံသားပြည်တော်ပြန်ရေးကိစ္စကို သဘောတူနိုင်ခဲ့ပြီး ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။  

တောင်ကိုရီးယားအစိုးရဟာ ယင်းနိုင်ငံသားတွေ ကမ္ဘောဒီးယားသွားမယ့်ကိစ္စကို အထူးပိတ်ပင်ပြီး  ငွေလိမ်ဂိုဏ်းတွေမှာ ဖြစ်နေတဲ့အခြေအနေကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရတယ်လို့ ထုတ်ပြန်ပါတယ်။ 

သတင်း – Border Echo 

Ref၊ ဓါတ်ပုံ – Aljazeera 

#borderlines #universe #thailand #basic #universe #mojo 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top