ဘန်ကောက်၊ စက်တင်ဘာလ ၁၅
ငွေကြေးခဝါချမှုတွေအတွက် အသုံးပြုတဲ့ ငွေလွှဲစာရင်းတွေကို ရှာဖွေမှာဖြစ်လို့ ဘဏ်အကောင့်အများစုကို အပိတ်ခံထားရနိုင်မယ့်အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံဘဏ်က ထုတ်ပြန်ပါတယ်။
ငွေကြေးလိမ်လည်မှုများတွင် ပါဝင်သွားသော ငွေများကို ပြန်လည်ရရှိဖို့ ကြိုးစားဆောင်ရွက်တဲ့အနေနဲ့ အခုလိုဆောင်ရွက်ရတာသိရတာပါ။
ဒ့ါအပြင် ထိုင်းနိုင်ငံဘဏ်ဟာ အခြား ပုဂ္ဂလိကဘဏ်တွေနဲ့ စုပေါင်းပြီး ငွေလွှဲစာရင်းတွေထဲ ခိုးယူခံရတဲ့ ငွေတွေကို ခြေရာခံ ရရှိနိုင်ရေးအတွက် အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးစင်တာ (Anti-Online Scam Operation Center – AOC) အနေနဲ့ ဆောင်ရွက်နေတယ်လို့ ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ မစ္စ ဒါရာနီဆဲဂျူး က ဆိုပါတယ်။
“ငွေကြေးခဝါချတဲ့ အကောင့်တွေဆီကနေ ပိုက်ဆံအဝင်လက်ခံတဲ့ ဘဏ်တွေကို ပိတ်မှာဖြစ်ပါတယ်။ ထိခိုက်ခံရသူတွေရဲ့ ပိုက်ဆံတွေကို ပြန်လည်ရရှိနိုင်ဖို့ AOC နဲ့ ပုဂ္ဂလိကဘဏ်တွေဟာ ငွေလွှဲစာရင်းတွေကို ခြေရာခံတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်” လို့ အဆိုပါ အမျိုးသမီးက ဖြည့်စွက်ခဲ့ပါသေးတယ်။
အခုလို စုံစမ်းစစ်ဆေးရေးဆောင်ရွက်တဲ့ အခြေအနေကြောင့် ဘဏ်အသုံးပြုသူများအပေါ် ရိုက်ခတ်မှု ရှိနိုင်တဲ့အခြေအနေကိုလည်း နားလည်ထားပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံဘဏ်က ဆိုပါတယ်။
ထိုင်းနိုင်ငံဘဏ်ရဲ့ ဒုတိယအကြီးအကဲ မစ္စဒါရာနီက ထိုင်းနိုင်ငံဘဏ်အနေနဲ့ ငွေကြေးခဝါချမှုနဲ့ မသက်ဆိုင်တဲ့ ဘဏ်အသုံးပြုသူတွေကို ထိခိုက်မှုလျော့နည်းစေဖို့ ဘဏ်အသုံးပြုမှု ရပ်ဆိုင်းတဲ့ အတိုင်းအတာတွေကို စီးပွားရေးဘဏ်တွေနဲ့ တိုင်ပင်ပြီး အပြောင်းအလဲ ပြုလုပ်ထားတယ်လို့ အတည်ပြုပါတယ်။
ဒ့ါအပြင်ဘဏ်အသုံးပြုမှုရပ်ဆိုင်းခြင်းဆိုင်ရာ အတိုင်းအတာအသစ်များကို လည်း သတ်မှတ်သွားဖို့ရှိနေပြီး မကြာခင်ထုတ်ပြန်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဘဏ်က ဆိုပါတယ်။
သတင်း – Border Echo
ဓါတ်ပုံ – Thai Siam News၊ Ref – Bangkok Post
#borderlines #universe #thailand #basic #universe #mojo