ဆင်းရဲနွမ်းပါးမိသားစုများရဲ့ ထူးချွန်ကျောင်းသားတွေကို ပညာသင်ဆုပေးမယ့် အစီအစဥ်တစ်ရပ် ထိုင်းအခြေစိုက် နိုင်ငံတကာကျောင်းများအသင်း စီစဥ်နေ

ISAT Scholarship for Poor Student

ဘန်ကောက်၊ အောက်တိုဘာလ ၂၀ 

ထိုင်းနိုင်ငံအတွင်းရှိ ဝင်ငွေနည်းတဲ့မိသားစုရဲ့ ထူးချွန်ကျောင်းသားတွေကို ထိုင်းအခြေစိုက် နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်နိုင်မယ့် ပညာသင်ဆုအစီအစဥ်ကို ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာကျောင်းများအသင်း (ထိုင်းနိုင်ငံ) – The International Schools Association of Thailand (ISAT) က စီစဥ်နေပါတယ်။ 

အဲ့ဒီလိုဆောင်ရွက်တာဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားပညာရေးမူဝါဒကို ပြည်မီဖို့နဲ့ အခွင့်အလမ်းနည်းပါးနေတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် ဦးတည်တာဖြစ်တယ်လို့ ISAT က မျှော်လင့်နေတာလို့ ဘန်ကောက်ပို့စ်သတင်းဌာနက အစီရင်ခံတာပါ။ 

၂၀၂၂ ခုနှစ် (Programme for International Student Assessment – Pisa) အစီရင်ခံစာအရ ထိုင်းနိုင်ငံရှိ ဆင်းရဲနွမ်းပါးမိသားစု ၁၅ ရာခိုင်နှုန်းကလာတဲ့ ကျောင်း ၂ သောင်းကျော်ဟာ ထိုင်းနိုင်ငံအဆင့် ပညာရေးထူးချွန်သူများဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း သူတို့တွေဟာ အရည်အသွေးကောင်းမွန်တဲ့ ပညာရေးနဲ့ နိုင်ငံတကာအတွေ့အကြုံတွေကို လက်လှမ်းမီနိုင်စွမ်းမရှိကြပေ။ 

ယခုလို ဆင်းရဲနွမ်းပါမိသားစုက ကျောင်းသူ/သားများကို ထိုင်းက နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ဆုပေးခြင်းအားဖြင့် ပြည်ပနိုင်ငံများရဲ့ စာသင်ကျောင်းတွေအတိုင်း လိုအပ်တဲ့ ကျွမ်းကျင်မှုကို ပြင်ဆင်ပေးနိုင်မယ်လို့လည်း ISAT က ယုံကြည်ထားပါတယ်။ 

၂၀၂၄-၂၀၂၅ ခုနှစ်ပညာသင်နှစ်အတွက် ၁၂ တန်းအောင်မြင်တဲ့ ကျောင်းသူ/သား ၂ ထောင်ကျော်ကို ISAT က ပညာသင်ဆုပေးအပ်ထားပြီး သူတို့အထဲက ကျောင်းသားအယောက် ၁၀၀ ကျော်ဟာ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျနဲ့ ထိုင်းက တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ရှိနေပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံအဆင့် ကျောင်းသူ/သားဖူလှုံရေးစနစ်အတွက် ထိုင်းနိုင်ငံရဲ့ လူမှုဖူလှုံရေးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ISAT က ပြောဆိုတဲ့အကြောင်းကို ဘန်ကောက်ပို့စ်က သတင်းအစီရင်ခံထားပါတယ်။ 

သတင်း – Border Echo 

ဓါတ်ပုံ – World Bank 

Ref – Bangkok Post

#borderlines #universe #thailand #basic #universe #mojo 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top