မြန်မာနိုင်ငံ၊ တိုင်းရင်းသားဒေသတွေရဲ့ ကလေး ဖွား/သေနှုန်းဟာ စစ်မက်ဖြစ်ပွားတဲ့အခြား နိုင်ငံများထက် အဆမတန်မြင့်တက်နေ

8c7451f4 4818 4970 90f7 cf72759fed25

မေးခွန်း (၁) ဆရာမရဲ့ အမည်နဲ့ တိုင်းရင်းသားလူနေမှုနှင့်ကျန်းမာရေးစစ်တမ်း (Ethnic Demographic and Health Survey – EDHS) တာဝန်ယူထားတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ မိတ်ဆက်ပေးပါ။ 
ကျမနာမည်ကတော့ နောထီးထားစွေ ခေါ်ပါတယ်။ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းမှာ ဒုတာဝန်မှူးအနေနဲ့ တာဝန်ယူထားပါတယ်။ အခုတော့ တိုင်းရင်းသားကျန်းမာရေး အချက်အလက်ကွန်ရက်မှာလည်း ချိတ်ဆက်ဆောင်ရွက်သူအနေနဲ့ တာဝန် ယူထားပါတယ်။

(၂) ဒီစစ်တမ်းကို ဘယ်ဒေသတွေမှာ ကောက်ခံခဲ့ပါသလဲ။ 
အခုကျမတို့ရဲ့ ဒီ တိုင်းရင်းသား လူနေမှုနှင့် ကျန်းမာရေး စစ်တမ်းကောက်တဲ့နေရာကတော့ ကျမတို့ ကရင်ဒေသ၊ ကရင်နီဒေသ၊ မွန်ဒေသ၊ ကချင်ဒေသတချို့ပေ့ါနော် ပါပါတယ်။ 

(၃) စစ်တမ်းရဲ့ ဖော်ပြချက်တစ်ခုမှာ ဖွားသေနှုန်းတွေများတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ တဆက်တည်းမှာပဲ ဒါဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ရှိနေတဲ့ အခြေအနေပေါ့လေ။ အဲ့ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးပါ။
ကျမတို့ စစ်တမ်းရရှိချက်အရပေ့ါနော် ဆေးရုံဆေးခန်းမှာ မွေးတဲ့ နှုန်းကတော့ တော်တော်လေးနည်းပါတယ်။ တဝက်လောက်တောင် မရှိပါဘူးပေ့ါနော်။ သူတို့ဘယ်လို မွေးလဲဆိုတော့ အိမ်မှာမွေးတာများပါတယ်။ လူထုတွေအနေနဲ့ကျတော့ အရက်လက်သည်လို့ခေါ်တဲ့ TBA ကို ပိုပြီး ယုံကြည်အားကိုကြတယ်။ ကျမတို့ ဒေသမှာ ကလေးနဲ့ မျိုးဆက်ပွားကျန်းမာရေးသင်တန်းတွေကို သင်တန်းပေးထားတဲ့ သင်တန်းလေးတွေရှိပါတယ်။ သင်တန်းအောင်ပြီးသားလူတွေရှိပါတယ်။ ဒါပေမယ့် လူထုတွေရဲ့ ယုံကြည်မှုတွေကကျတော့ အရင်ခေတ်အဆက်ဆက်က မိဘဘိုးဘွားအစဥ်အလာအတိုင်းပေ့ါနော်၊ ယုံကြည်ခဲ့တဲ့ အရက်လက်သည် (TBA) ကို ပိုပြီးအားကိုးနေဆဲလည်း ပါပါတယ်ပေ့ါလေ။ နောက်တစ်ခုအနေနဲ့ ကျတော့ ဆေးရုံ၊ ဆေးခန်းလေးတွေ လုံလောက်စွာပေ့ါနော်၊ ဆေးခန်းလေးတွေ မတည်ဆောက်နိုင်သေးတာလည်းပါတာပေ့ါလေ၊ ဆိုတော့ ကျမတို့ ဆေးခန်းတွေ မှာ လာမွေးတဲ့ နှုန်းကတော့ နည်းနေပါသေးတယ်ပေ့ါနော်။

ကျမတို့ တိုင်းရင်းသားဒေသမှာ စစ်တမ်း (Survey) ကောက်ခံတဲ့ ဒေသမှာ ကလေးတွေ သေနှုန်းမြင့်မားနေတဲ့ ဆိုတာကို တွေ့ရပါတယ်ပေ့ါနော်။ အထူးသဖြင့် ကလေးအရှင်မွေး ၁ ထောင်မှာ ၅ နှစ်အောက်သေနှုန်း၊ ပြီးလို့ရှိရင် ၁ နှစ်အောက်သေနှုန်းတွေဆိုလို့ရှိရင် ကျမတို့နည်းတူ စစ်ဖြစ်တဲ့နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယားတို့၊ ယူကရိန်းတို့ထက် အများကြီးမြင့်နေတာကို တွေ့ရပါတယ်

(၄) နောက် မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေရဲ့ သေဆုံးမှုနှုန်းဟာ တခြားနိုင်ငံတွေနဲ့ယှဥ်ရင် အခြေအနေဘယ်လိုရှိပါသလဲ။ 
ကျမတို့ တိုင်းရင်းသားဒေသမှာ စစ်တမ်း (Survey) ကောက်ခံတဲ့ ဒေသမှာ ကလေးတွေ သေနှုန်းမြင့်မားနေတဲ့ ဆိုတာကို တွေ့ရပါတယ်ပေ့ါနော်။ အထူးသဖြင့် ကလေးအရှင်မွေး ၁ ထောင်မှာ ၅ နှစ်အောက်သေနှုန်း၊ ပြီးလို့ရှိရင် ၁ နှစ်အောက်သေနှုန်းတွေဆိုလို့ရှိရင် ကျမတို့နည်းတူ စစ်ဖြစ်တဲ့နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယားတို့၊ ယူကရိန်းတို့ထက် အများကြီးမြင့်နေတာကို တွေ့ရပါတယ်။ 

(၅) တိုင်းရင်းသားလူနေမှုနှင့်ကျန်းမာရေးစစ်တမ်း (Ethnic Demographic and Health Survey – EDHS) စစ်တမ်းကောက်ခံမှု၊ နောက်ဆက်တွဲရရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ၊ ဒေသတွင်း နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဘာပြောချင်လဲ။

ကျမတို့ ဒီနေ့ထုတ်ပြန်တဲ့ ကျန်းမာရေအချက်အလက်တွေအားလုံးသည် ကျမတို့ လူထုတွေ ခံစားနေရတဲ့ တွေ့ကြုံနေရတဲ့ အခြေအနေအမှန်ကို ဖွင့်ဟထားတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီကိန်းဂဏန်းအရ ကျမတို့ဆီမှာ ကလေးသေဆုံးနှုန်းတွေမြင့်မားနေတာလည်း တွေ့ရပါတယ်။ 
ကျန်းမာရေး အခြေအနေတွေ အရမ်းဆိုးရွားနေတာကိုလည်း တွေ့ရပါတယ်ပေ့ါ။ ဘာကြောင့်လဲဆိုတာ ပြည်တွင်းစစ်ကြောင့်၊ နှစ်ရှည်ကာလကြာစွာ လျစ်လျူရှုခံထားရတာကြောင့်၊​ နောက်စစ်တပ်အာဏာသိမ်းမှု ကြောင့် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိသွားတယ်။ အဲ့ဒါကြောင့် လူအခွင့်အရေး ချိုးဖောက်ခံထားရတဲ့အတွက် ဒီလိုမျိုးခံစားရတာဖြစ်တယ်။ 
ဒီဟာကို နိုင်ငံတကာအသိုင်းအဝိုင်းပဲပြောပြော၊ အိမ်နီချင်းနိုင်ငံပဲပြောပြော၊ လူ့အခွင့်အရေးကို ရှေးရှုပြီးတော့ပေါ့နော်၊ အခွင့်အရေးချိုးဖောက်ခံရတဲ့ လူထုတွေကို ရပ်တည်ပြီး ဝိုင်းဝန်ပြီးရပ်တည်ပေးပါ။ ကူညီထောက်ပံ့ပေးပါ။ အခုလူအခွင့်အရေးချိုးဖောက်ခံရတဲ့ လူထုတွေအတွက် ကျန်းမာရေးရော၊ လူမှုရေးရော ဝန်ဆောင်မှုတွေပေးနေတာက တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းရယ်၊ လူထုအခြေပြုအဖွဲ့အစည်းရယ်ပဲ ဖြစ်ပါတယ်၊ ဆိုတော့ ဒီအဖွဲ့အစည်းတွေကို ပိုပြီးတော့ နည်းပညာပိုင်းပဲပြောပြော၊ ငွေရေးကြေးရေးပဲပြောပြော တခြားသောလိုအပ်တဲ့ ကူညီဆောင်ရွက်ရေး အားလုံးကို ဆက်လက်ပြီးကြိုးစားပြီးတော့ ဝိုင်းဝန်းထောက်ပံ့ပေးဖို့ ကျမအနေနဲ့တောင်းဆိုချင်ပါတယ်။ 

သတင်း – Border Echo 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top