တောအူးအတွက်အတူတကွ Together for Taw Oo
မဲဆောက်၊ ဩဂုတ်လ ၄
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ တနေရာမှာ တောအူးခရိုင်စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေဂီတပွဲတော် တရပ်ကို ဩဂုတ်လ ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဆရာလယ်ဝါးသီချင်းတွေကို ပြန်လည်ဖျော်ဖြေတဲ့ ဒီစုဝေးမှုအတွင်း ထိုင်း-မြန်မာနယ်စပ်ရောက် ကရင်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များ တက်ရောက်ကြတာပါ။
ပွဲက ရရှိတဲ့ ရန်ပုံငွေတချို့ကို တောအူးဒေသရဲ့ စစ်ဘေးရှောင်တွေအတွက် အသုံးပြုသွားဖို့ ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
သတင်းဓါတ်ပုံ – Border Echo