ထိုင်းတောင်ပိုင်း၊ ကရာဘီနယ်က စက်ရုံ ဓါတုစွန့်ပစ်ကန်အတွင်း ရှင်းလင်းရေးလုပ်ကိုင်တဲ့ မြန်မာ လူငယ် ၃ ဦး အဆိပ်သင့်လို့၂ ဦးသေဆုံးခဲ့

image for text news

ကရာဘီ၊ စက်တင်ဘာလ ၁၅

ထိုင်းတောင်ပိုင်း၊ ကရာဘီမှာ စက်ရုံသုံးဓါတုစွန့်ပစ်ပစ္စည်းကန်အတွင်း ရှင်းလင်းရေးလုပ်ကိုင်တဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမျိုးသား လူငယ် ၃ ဦး အဆိပ်သင့်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက အစီရင်ခံပါတယ်။

ကရာဘီခရိုင်ခွဲ၊ ပလိုင်ဖရာယာရှိ ကုမ္ပဏီတစ်ခုအတွင်းမှာ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ လူငယ်တစ်ဦးကို ဆေးကုသမှုပေးနေတယ်လို့ သိရတာပါ။

ရွှေ့ပြောင်းလုပ်သား မြန်မာလူငယ် ၃ဦးဟာ Hydrogen Sulfide ဘဲဥပုပ်အနံ့ရှိတဲ့ ယင်း ဓါတုကန်အတွင်း သန့်စင်ရေးလုပ်ကိုင်နေခဲ့ပြီး အဆိပ်ငွေ့ကို လိုတာထက်ပိုမိုရှူရှိုက်ရတာကြောင့် အခုလိုဖြစ်တာလို့ မူရင်းသတင်းမှာဖော်ပြပါတယ်။

အရေးပေါ်အခြေအနေများဖြစ်ပွားချိန်တွင် ကယ်ဆယ်ရေးနဲ့ အာဏာပိုင်တွေက ဓါတုစွန့်ပစ္စည်းတွင်းထဲ ဝင်ရောက်လုပ်ကိုင်နေသူ ၃ ဦးအနက် ၁ ဦးကိုခေါ်ထုတ်နေချိန် ကျန်ရှိနေသူ ၂ ဦးကတော့ ပိတ်မိရင်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းမှုတွေပြုလုပ်နေပြီး အဆိပ်သင့်ပြီး အသက်ရှင်ကျန်သူ ၁ ဦးနဲ့ နောက် ၂ ဦးကို စစ်ဆေးလုပ်နေတယ်လို့ဆိုပါတယ်။

သေဆုံးသွားသူတွေထဲမှာတော့ အသက် ၂၄ နှစ်အရွယ်နှင့် အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးနဲ့ အသက်ရှင်ကျန်သူကတော့ အသက် ၂၂ နှစ်အရွယ် မြန်မာလူငယ်တို့ဖြစ်ကြပါတယ်။

သတင်း – Border Echo

Ref & Photo – Bangkok Post

#borderlines#universe#thailand#basic#universe#mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top