ဘန်ကောက်၊ မတ်လ ၅
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစိုးရဆေးရုံများရဲ့ ဝန်ဆောင်မှုကို တိုးမြှင့်ဖို့ ၂၀၂၆ ခုနှစ် ဘတ်ဂျက်ကို ဘတ်ငွေ ၆.၃ ဘီလီယမ်အထိ အတည်ပြုထားပေးတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက အစီရင်ခံပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားကျန်းမာရေးဆိုင်ရာလုံခြုံရေးရုံးက National Health Security Office (NHSO) မတ်လ ၃ ရက်နေ့ ကြေငြာချက်အရ (NHSO) ရဲ့ ဥက္ကဌဖြစ်တဲ့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ပါထာနာပရွတ်ဖတ်ကပဲ ယင်းဘတ်ဂျက်ကို အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ယခင်နှစ်များတွင် အခွန်ငွေလက်ခံမှုရရှိမှုနည်းပါးသော်လည်း ကျန််းမာရေးဝန်ဆောင်မှုများကို အကျိုးရှိစွာဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ချမှတ်ပေးတာဖြစ်ပါတယ်။
ဒ့ါအပြင် ယင်းဘတ်ဂျက်အတွင်း ရှင်းလင်းပေးဖို့ ကျန်ရှိနေတဲ့ အတွင်းလူနာဌာနများရဲ့ ကုန်ကျစရိတ်များလည်းပါဝင်ပါတယ်။
ထိုင်းနိုင်ငံအတွင်းအစိုးရဟာ ကျန်းမာရေးစနစ်ရဲ့ အသုံးစရိတ်အတွက် ကောက်ခံရရှိတဲ့ အခွန်ငွေအပေါ် အဓိကထား စီမံခန့်ခွဲရပြီး ဆေးဝါများကိုတော့ ထိုင်းနိုင်ငံအတွင်း အများဆုံး ထုတ်လုပ်တဲ့အတွက် ယေဘုယျအားဖြင့် ဈေးနှုန်းချိုသာတာဖြစ်ပါတယ်။
သတင်း – Border Eco
ဓါတ်ပုံ၊ Ref – Bangkok Post
#borderlines #universe #thailand #basic #universe #mojo
ထိုင်းအစိုးရဆေးရုံများရဲ့ ဝန်ဆောင်မှုကို တိုးမြှင့်ဖို့ ၂၀၂၆ ခုနှစ် ဘတ်ဂျက်ကို ဘတ်ငွေ ၆ ဘီလီယမ်ကျော်အထိ ချမှတ်ပေးထား







