မဲဆောက်၊ အောက်တိုဘာလ ၂၂
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်အတွင်းက သင်တန်းအခွင့်အလမ်းတွေကို တနေရာတည်း ဝင်ရောက်ကြည့်ရှနိုင်မယ့် Jump Study ဝက်ဘ်ဆိုဒ်ကို နယ်စပ်ရောက် မြန်မာရွှေ့ပြောင်းလူငယ်တစ်စုက ဖန်တီး မိတ်ဆက်ထားပါတယ်။
မဲဆောက်တခွင်မှာတော့ သင်တန်းနဲ့ အသက်မွေးဝမ်းကြောင်းနဲ့ စွမ်းရည်မြှင့်ဆိုင်ရာအချက်အလက် တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် အစီအစဥ်ပြုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တရားဝင် ချိတ်ဆက်ခြင်းမရှိတာကြောင့် သတင်းရင်းမြစ် ခိုင်မာမှုနဲ့ တိကျမြန်ဆန်မှုအပိုင်းမှာ အားနည်းနေတာလည်း ရှိတာပါ။
အဲ့ဒီအတွက် မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းလူငယ်တွေအနေနဲ့ အဲ့လို့ရှာဖွေရှာမှာ အချိန်များစွာပေးရမယ့် အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ အပြင် သင်တန်းရဲ့ အချက်အလက်တွေကို စံပုံစံတစ်ခုတည်းနဲ့ လွယ်လွယ်ကူကူရှာဖွေနိုင်မယ်လို နည်းပညာပိုင်းတာဝန်ခံဖြစ်တဲ့ ကိုရှိုင်းမျိုးက Border Echo ကို ပြောပါတယ်။
“သင်တန်းအချက်အလက် တွေနဲ့ သင်တန်းဦးဆောင် အကောင်ထည်ဖော်ပေးနေတဲ့ အဖွဲ့အစည်းတို့ရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စံပုံစံတစ်ပုံစံတည်း နဲ့ လွယ်လွယ်ကူကူ လျှင်လျှင်မြန်မြန် ရှာဖွေနိုင်မှာ ဖြစ်တယ်” ဟု ဆိုပါတယ်။
Jump Study ဝက်ဘ်ဆိုဒ်ကို လတ်တလောမှာတော့ မဲဆောက်မြို့တခွင်က သတင်းအချက်အလက်တွေကို ဦးစားပေးဖော်ပြပေမယ့် ဘန်ကောက်နဲ့ ချင်းမိုင်က သင်တန်းနဲ့ အသက်မွေးဝမ်းကြောင်း ထပ်မံဖြည့်စွက်သွားဖို့ ရှိနေပါတယ်။
သင်တန်းအချက်အလက်တွေကို အင်္ဂလိပ်နဲ့ မြန်မာလို ရရှိနိုင်ပြီး Open-source ဖြစ်တဲ့အပြင် စမတ်ဖုန်းနဲ့ ကွန်ပျူတာများဖြင့် ရိုးရှင်းစွာအသုံးပြုနိုင်တယ်လို့ Jump Study က အသိပေးထားပါတယ်။
Jump Study ကို ဝင်ရောက်လေ့လာရန်
ဝက်ဘ်ဆိုဒ်စာမျက်နှာ – JumpStudy.Org
Facebook စာမျက်နှာ – https://www.facebook.com/share/p/1CXyPR8EYL/
#ပျံကြဲ #သတင်းအချက်အလက် #ရင်းမြစ်ခိုင်မာ #ရိုးရှင်း #စံပုံစံ







