မဲဆောက်၊ အောက်တိုဘာလ ၁၆
အထောက်အထားမဲ့ အလုပ်သမားတွေကို ဘတ်အသစ် (အလုပ်သမားကဒ်စာရင်းအသစ်) ရိုက်မယ့်ကိစ္စ ရွှေ့ဆိုင်းလိုက်တာကြောင့် မဲဆောက်ရောက်မြန်မာတွေ မိမိတို့ အလုပ်အပ်ထားတဲ့ အကျိုးဆောင်တွေနဲ့ အမြဲတစေ ချိိတ်ဆက်ထားကြဖို့ ရွှေ့ပြောင်းအရေး ကူညီနေတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်း လိုက်ပါတယ်။
ဘတ်အသစ်တင်ဖို့ စာရင်းပေးထားတဲ့ မဲဆောက်ရောက် အထောက်အထားမဲ့ မြန်မာတွေ ပေးသွင်းထားတဲ့ ငွေတွေကို မဆုံးရှုံးစေဖို့ အမြဲချိတ်ဆက်နေမှ တော်ရာကျမယ်လို့လည်း ရွှေ့ပြောင်းအရေးလှုပ်ရှားသူတွေက ဆိုထာတာပါ။
ဒါ့အပြင် အထောက်အထားမရှိသေးသူတွေအနေနဲ့ လတ်တလောအတွင်း သွားလာရေး အထူးဂရုစိုက်ပြီး အာဏာပိုင်တွေ စစ်ဆေးမှုကို ကတိပြုဖို့ လိုအပ်ပါတယ်။
ထိုင်းအစိုးရက လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်လုပ်ဆောင်မယ့် ဘတ်အသစ် ရိုက်ကူးမယ့်ကိစ္စကို နယ်စပ်လုံခြုံရေးနဲ့ ကောင်းမွန်တဲ့ အလုပ်သမားစီမံခန့်ခွဲရေးအတွက် ယာယီရွှေ့ဆိုင်းလိုက်တယ်လို့ ယနေ့နေ့လည်ခင်းက ကြေငြာပါတယ်။
ဒ့ါအပြင် ပြန်လည် လုပ်ဆောင်ပေးမယ့် ရက်ကို အတိအကျမပြောထားသလို ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြေငြာချက်ကြောင့် စာရင်းအသစ်တင်ဖို့ စောင့်ဆိုင်းနေတဲ့ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းတွေ အကျပ်ရိုက်နေတာပါ။
Border Echo မှ ထိုင်းအလုပ်သမားစီမံရေးရုံး ကြေငြာချက်နှင့် နောက်ဆက်တွဲအခြေအနေများအပေါ် မဲဆောက်အခြေစိုက် အကျိုးဆောင်တစ်ဦးထံ မေးမြန်းရာမှာတော့ ဘတ်ရိုက်ရွှေ့ဆိုင်းတာကို အတည်ပြုပြီး ကျန်တဲ့ သတင်းအချက်အလက်များကို ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
သတင်း၊ ဓါတ်ပုံ – Border Echo
#ဘတ်အသစ်ရိုက် #ရွှေ့ဆိုင်း #အကျိုးဆောင်များ #အမြဲချိတ်ဆက်