မြဝတီမြို့ ကျားဖြန့်စီးနင်းခံရမှု နောက်ဆက်တွဲ နယ်စပ်အခြေအနေတွေကြောင့် မဲဆောက်လုံခြုံရေး ကျဘမ်းစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင် 

image for text news (5)

မဲဆောက်၊ အောက်တိုဘာလ ၂၃

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကျားဖြန့်လုပ်ငန်းတချို့ စီးနင်းခံရမှု အခြေအနေကြောင့် မဲဆောက်မြို့တွင်း ကျဘမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး နယ်စပ်တကြော လုံခြုံရေးတင်းကျပ်နိုင်တယ်လို့ Border Echo မှ စုံစမ်းသိရှိရပါတယ်။ 

မဲဆောက်မြို့အတွင်းမှာတော့ မြဝတီကျားဖြန့်ကိစ္စ မတိုင်ခင် သီတင်းပတ်တွေအတွင်း ခိုးမှုများဖြစ်ပွားစဥ်ကတည်းက အာဏာပိုင်တွေက မြို့တွင်းရပ်ကွက်စစ်ဆေးမှုတွေကို လုပ်ဆောင်နေခဲ့တာပါ။ 

ယခုအခါတွင် မြဝတီမြို့ကျားဖြန့်လုပ်ငန်းတချို့နှိမ်နှင်းခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ ရှိလာပြီး မဲဆောက်ဘက် တရားမဝင်နယ်စပ်ဖြတ်ကျော်သူတွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တယ်လို့ မဲဆောက်အခြေစိုက် ထိုင်းဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဖော်ပြကြပါတယ်။

မဲဆောက်မြို့က ပြည်သူတွေ မိမိနေထိုင်ရာ နေရာတွေမှာ မျက်နှာစိမ်းနဲ့ ထူးခြားဖြစ်စဥ်တွေရှိရင် အာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့လည်း မဲဆောက်မြို့မရဲစခန်းအပါအဝင် မြူနီစပယ်၊ ထေ့စဘန်း ရုံးအသီးအသီးက အသိပေးထားပြီး မြန်မာရွှေ့ပြောင်းတွေလည်း လုံခြုံရေးအထူးဂရုစိုက်ဖို့ လိုမယ်လို့ မဲဆောက်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအရေးအဖွဲ့အစည်းတွေ က အသိပေးထားပါတယ်။ 

သတင်း၊ ဓါတ်ပုံ  – Border Echo 

#မဲဆောက်လုံခြုံရေး #တင်းကျပ် #ရွှေ့ပြောင်းမြန်မာ #သတိ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top