မွေးရာပါ နှလုံးရောဂါနဲ့ နှလုံးအဆို့ရှင်ရောဂါရှိသူ ကလေးငယ်တွေကို မြန်မာကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးရန်ပုံငွေအဖွဲ့ က နှလုံးဓါတ်မှန် အခမဲ့ စစ်ဆေးပေးမယ်

539181499 122295634166003545 1553942285364368309 n

မဲဆောက်အခြေစိုက် မြန်မာကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးရန်ပုံငွေအဖွဲ့ (BCMF) လို့ လူသိများတဲ့ Health For All ဖောင်ဒေးရှင်းဟာ အခမဲ့ နှလုံးဓါတ်မှန်စစ်ဆေးခြင်းကို ယခုနှစ်အတွက်လည်း ဆောင်ရွက်မယ်လို့ Border Echo မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါစမ်းသပ်မှုကို မဲဆောက်ဆေးရုံကြီးမှာ လာမယ့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဆောင်ရွက်မှာဖြစ်ပြီး မွေးရာပါ နှလုံးရောဂါရှိသူ (သို့မဟုတ်) နှလုံးအဆို့ရှင်ရောဂါရှိတဲ့ မွေးကင်းစမှ အသက် ၂၀ နှစ်အောက်ကလေးငယ်တွေ ကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးရန်ပုံငွေအဖွဲ့ (HFA-BCMF) ဖောင်ဒေးရှင်းက မဲဆောက်ဒေသမှာ Child’s Dream Foundation (CDF) နှင့်အတူ နှစ်စဥ်နှလုံးဓါတ်မှန်စစ်ဆေးတဲ့ လုပ်ငန်းတွေကို ဦးဆောင်ပေးနေပါတယ်။

ယင်းအစီအစဥ်များအတွင်း ဆေးဘက်ဆိုင်ရာ နည်းပညာများအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး မဲဆောက်ဆေးရုံ၊ ကာဆီမရတ်ပရာချာချွန် (Kasemrad Prachachuen) ဆေးရုံနဲ့ The Pediatric Cardiac Surgery Foundation (PCSF) အဖွဲ့တို့က ပါဝင်တာပါ။

လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလအတွင်းမှာတော့ မြန်မာကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးရန်ပုံငွေအဖွဲ့ (HFA-BCMF) လူ ၁၀၀ ကျော်ကို နှလုံးဓါတ်မှန်စစ်ပေးပြီး ယင်းတို့အထဲက ခွဲစိတ်ရန်အရေးပေါ်လိုအပ်သူ လူနာ ၅ ဦးကို ဘုရင်ကျူလာလောင်ကွန်းဆေးရုံမှာ ကုသမှုပေးခဲ့ပါတယ်။

စက်တင်ဘာလအစီအစဥ်အတွက် နှလုံးဓါတ်မှန်စစ်ဆေးလိုတဲ့ မွေးရာပါနှလုံးရောဂါ (သို့မဟုတ်) နှလုံးအဆို့ရှင် ရောဂါသည် ကလေးငယ်မိခင်တွေ၊ ရောဂါဝေဒနာခံစားရသူတွေအနေနဲ့ မြန်မာကလေးသူငယ်များဆိုင်ရာ ကျန်းမာရေးရန်ပုံငွေအဖွဲ့ (HFA-BCMF)ရုံး၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top