လိင်အခြေပြုအကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကျိုးဆက်များ

image for text news

Sky၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈
Presented by Border Echo

လိင်အခြေပြုအကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကျိုး ဆက်များသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစု၊ လူမှုအဖွဲ့အစည်း၊ စီးပွားရေး၊ နိုင်ငံရေး စသည့်နယ်ပယ်စုံတွင်လည်း ထိခိုက်သက်ရောက်မှု အလွန်ကြီးမားသော နောက်ဆက်တွဲများ ဖြစ်နိုင်ပါသည်။

အပိုင်း ( ၁ ) ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲများ (Physical & Health Consequences)

၁။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ – ဒဏ်ရာရခြင်း၊ ရုပ်ဆင်းအင်္ဂါနှင့်ကိုယ်လက်အင်္ဂါများ ပျက်စီးသွားခြင်း၊ ခန္ဓာကိုယ် တွင်းကလီစာများပျက်စီးသွားခြင်း၊ ပုံမှန်သွားလာလှုပ်ရှားမှုမပြုလုပ်နိုင်တော့ခြင်းတို့ ဖြစ်သည်။

၂။ မျိုးဆက်ပွားကျန်းမာရေးထိခိုက်မှုများ – မျိုးပွားအင်္ဂါများရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့်ကူးဆက်တက်သောရောဂါများရ ရှိခြင်း၊ မလိုလားအပ်သောကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သားဖွားရာတွင် အခက်အခဲဖြစ်ခြင်း၊ မွေးလာသည့်ကလေး ကိုယ်အလေးချိန်မပြည့်ခြင်း စသည်တို့ ဖြစ်သည်။

၃။ နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုများ – နာတာရှည်နာကျင်ခြင်း၊ အစာအိမ်လမ်းကြောင်း‌ရောဂါများခံစားရခြင်း၊ ဆီးလမ်းကြောင်းနှင့်ပတ်သက်သောရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်သည်။

အပိုင်း ( ၂ ) စိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲများ (Psychological Consequences)

၁။ PTSD (Post-Traumatic Stress Disorder) – အကြမ်းဖက်ခံရသော အဖြစ်အပျက်ကိုမမေ့နိုင်ခြင်း၊ ထပ်မံကြုံတွေ့ရနိုင်ဟု လန့်နေခြင်း၊ အိပ်မရခြင်း တို့ဖြစ်သည်။

၂။ Depression & Anxiety – စိတ်ဓာတ်ကျခြင်း၊ မကြာခဏဝမ်းနည်းနေခြင်း၊ အစားမစားလိုခြင်း၊ အကြမ်းဖက်ခံခဲ့ရသောဖြစ်ရပ်များကို ပြန်မြင်ယောင်ပြီး ကိုယ့်ကိုယ်ကိုအပြစ်တင် နေခြင်း၊ မိမိကိုယ်ကိုတန်ဖိုးမထားတော့ခြင်း တို့ဖြစ်သည်။

၃။ Emotional Damage – အကြောင်းမရှိဘဲ အမြဲရှက်လန့်နေခြင်း၊ စိတ်ပျော်ရွှင်မှုမရှိခြင်း၊ မိမိကိုယ်ကို တန်ဖိုးမရှိဟုထင်မြင်ခြင်း၊ ဦးတည်ရာမရှိဘဲစိတ်ဆိုးခြင်း၊ အခြားတစ်ပါးသူအား ယုံကြည်မှုမရှိတော့ခြင်း တို့ဖြစ်သည်။

အပိုင်း ( ၃ ) လူမှုဆက်ဆံရေးဆိုင်ရာနောက်ဆက်တွဲများ (Social Consequences)

၁။ မိသားစုအကြားဖြစ်ပွားသော ကွာဟမှု၊ထိခိုက်မှုများ – အကြမ်းဖက်ခြင်းကိုခံစားရပြီးနောက် မိသားစုအတွင်းရှုပ်ထွေးမှုများဖြစ်ပွားပြီး အချိန်ကြာမြင့်လာပါက မိသားစုအတွင်း မကြာခဏအငြင်းအခုံများနေခြင်း၊ ယုံကြည်မှု ဆုံးရှုံးသွားခြင်း၊ မိမိအားမသင်္ကာဖြစ်ခြင်း၊ ဆက်ဆံရေးပျက်ယွင်းသွားခြင်း၊ တရားဝင် အိမ်ထောင်ကွာရှင်းရခြင်း၊ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်သွားခြင်း စသည်တို့ဖြစ်သည်။

၂။ Stigma & Discrimination – လူမှုအသိုင်းအဝိုင်းမှ မိမိအားမကောင်းသောအမြင်ဖြင့်သာမြင်ခြင်း၊ အထင် အမြင်သေးခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးခြင်းတို့ ဖြစ်သည်။

အပိုင်း ( ၄ ) စီးပွားရေးဆိုင်ရာနောက်ဆက်တွဲများ (Economic Impact)

ဆေးကုသကုန်ကျစရိတ်များဖြေရှင်းရခြင်း၊ အလုပ်မလုပ်နိုင်တော့ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ပြန်လည်၍အလုပ်ရှာဖွေရာတွင်ပိုမို ခက်ခဲ နေခြင်း၊ မိသားစုအတွင်း စီးပွားရေးကျဆင်းရခြင်း စသည်တို့ဖြစ်သည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုသည် ကလေးသူငယ်များအပေါ်ဖြစ်ပွားပါက သက်ရောက်မှုပိုမိုပြင်းထန်ပြီး အထက်ပါနောက်ဆက်တွဲဆိုးကျိုးများအပြင် ပညာရေး အပေါ်စိတ်မဝင်စားတော့ခြင်း၊ ပညာရေးဆုံးရှုံးရခြင်း၊ အကြမ်းဖက်ခြင်းမျိုးကို သာမန် ကိစ္စတစ်ခုအဖြစ်သာ မှတ်ယူလက်ခံလာခြင်း၊မိမိကိုယ်တိုင် အကြမ်းဖက်မည့်သူအဖြစ် ဦးတည်သွားခြင်း။ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်စသည်တို့သုံးစွဲလာခြင်း စသည့်သက်ရောက်မှုအလွန်ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများကိုခံစား ရနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုသည်တစ်ခါထိခိုက်ပြီး ပြီးဆုံးသွားသည့်(one finish) ဖြစ်ရပ်မဟုတ်ပါ။ အကြမ်းဖက်ခြင်းခံရသူအတွက် ယခုလက်ရှိသာမက အနာဂါတ်ဘဝတစ်လျှောက်လုံး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါခံစားရစေနိုင်သော အလွန်ဆိုးရွားသည့်အကြမ်းဖက်မှု တစ်ခုပင်ဖြစ်သည်။ထို့ကြောင့်အကြမ်းဖက်ခြင်းခံရသူအတွက်လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကုသပြုပြင်မှု၊ ကူညီပံ့ပိုးမှု တို့ကိုလူမှုအဖွဲ့အစည်း တစ်ခုလုံးက တက်ကြွစွာပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် အထူးပင်လိုအပ်ပါသည်။ 

ဤဆောင်းပါးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာ သင်တန်းသား Sky မှ ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် ပူးပေါင်းတင်ဆက်ပါသည်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top