မဲဆောက်မှာ လျှပ်စစ်စက်ဘီးသုံးစွဲမှုကို အကန့်အသတ်နဲ့ ခွင့်ပြုတဲ့ အမိန့်တစ်ရပ် မဲဆောက်မြို့တော်ဝန်ရုံးမှ ထုတ်ပြန်

534979601 122294530868003545 7690808705201854571 n

ရုံးချိန်ကျောင်းချိန်အတွင်း ဟိုင်းဝေးလမ်းမတွေပေါ် လျှပ်စစ်စက်ဘီးအသုံးပြုမှုကို မပြုလုပ်ဖို့ အဓိက တားမြစ်

မဲဆောက်၊ သြဂုတ်လ ၁၉

မဲဆောက်မြို့တွင်း လျှပ်စစ်စက်ဘီး စီးနင်းသွားလာခွင့်ပြုတဲ့ အချိန်နဲ့ ကန့်သတ်လမ်းကြောင်းတွေကို မြို့တော်ဝန်လက်မှတ်နဲ့ တကွ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။

မဲဆောက်မြို့ မြူနီစပယ်ဧရိယာရှိ ရပ်၊ ကျေး ၂၀ က အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်ရုံးတို့ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့ပြီး မကြာခဏ်ဖြစ်ပေါ်နေတဲ့ ယာဥ်မတော်တဆမှုကိစ္စနဲ့ လျှပ်စစ်စက်ဘီး စီးနင်းခြင်း အန္တရာယ်တွေအကြောင်းကို ဆွေးနွေးခဲ့ကြတာပါ။

အဆိုပါအစည်းအဝေးအတွင်း လျှပ်စစ်စက်ဘီးများအသုံးပြုနိုင်တဲ့ အချိန်ကို လျှော့ချပြီး ကျောင်းချိန်ရုံးချိန် ယာဥ်လမ်းကြောပိတ်ချိန်အတွင်း အသုံးပြုမှုကို တားမြစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မဲဆောက်မြို့တော်ဝန်ရုံးရဲ့ ထုတ်ပြန်တဲ့စာအရ လျှပ်စစ်စက်ဘီးစီးနင်းသွားလာမှုကို ထိုင်းစံတော်ချိန် မနက် ၇ နာရီ မှ မနက် ၉ နာရီအထိနဲ့ ညနေ ၃ နာရီမှ ညနေ ၅ နာ၇ီအတွင်း တားမြစ်ထားပြီး ယင်းအချိန်အတွင်း လျှပ်စစ်စက်ဘီးတွေကို အဓိကအဝေးပြေးလမ်းမကြီးတွေမှာ မောင်းနှင်ခွင့်မရှိပါဘူး။

မဲဆောက်အစိုးရထုတ်ပြန်တဲ့ လျှပ်စစ်စက်ဘီးသုံးစွဲမှုကို ကန့်သတ်ချိန်အတွင်း သွားလာခွင့်မရှိတဲ့ လမ်းကြောင်းတွေဟာ အမှတ် (၁၂) အာရှလမ်းမကြီးရဲ့ မဲဆောက်အဝိုင်းမှ ရေပေးဝေရေးရုံး (မီဂါဟုမ်းဆောက်လုပ်ရေးပစ္စည်းဆိုင်)ရှေ့အထိလည်းကောင်း၊ အမှတ် (၁၀၅) မဲဆောက် မဲ့ရမတ်လမ်းမကြီး မဲဆောက်ထေ့စဘန်းရုံး မီးပွိုင်မှ့ We ကွန်ဒိုအထိလည်းကောင်း၊ မဲဆောက်အဝိုင်းမှ မိုင်တိုင် ၁၀၉၀ ရှိ ဘီယွမ်ယူကာဆိုင်အထိလည်းကောင်း၊ ကူဝိတ်ဗလီမီးပွိုင့်မှ မဲဆောက်လမ်း – မားမားဟုမ်း (ဆောက်လုပ်ရေးပစ္စည်းဆိုင်) အထိပါဝင်ပါတယ်။

မဲဆောက်မြို့တော်ဝန်ရုံးရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာပါက ထိုင်းမြူနီစပယ်ဥပဒေ အခန်း ၄၈၊ ၁၉၉၂ အဝေးပြေးလမ်းဥပဒေ၊ ပြင်ဆင်ဖြည့်စွက်ဥပဒေရဲ့ အခန်း ၁၅၊ အခန်း ၄၁ အရသော်လည်းကောင်း အရေးယူမယ်လို့ သိရပါတယ်။

သို့သော်လည်း ထုတ်ပြန်ချက်အတွင်း လျှပ်စစ်စက်ဘီး သုံးစွဲမှုကို လုံးဝဟန့်တားတဲ့ အခြေအနေတွေတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လျှပ်စစ်စက်ဘီးသုံးစွဲသူတွေကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်အတွင်း အခြေခံ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ကို စစ်ဆေးခံခဲ့ရပြီး အလုပ်အတွက် သွားရေးလာရေးမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top