ထိုင်းတော်ဝင်မင်းသမီး ဗာရာခေတ်ထီရာဟာ ပြင်းထန်တဲ့ သွေးလမ်းကြောင်း ကူးစက်မှုရောဂါခံစားနေရပြီး နန်းတွင်း ဆရာဝန်များက အနီးကပ် ကုသပေးနေတယ်လို့ ထိုင်းတော်ဝင်အိမ်တော်ဗျူရိုက ထုတ်ပြန်ပါတယ်။
ထိုင်းတော်ဝင်အိမ်တော်က မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ၄ ကြိမ်မြောက် ထုတ်ပြန်ချက်ကို ကြေငြာခဲ့ပြီး ယခုအကြိမ်တွင် မင်းသမီးဟာ ပြင်းထန်တဲ့ ရောဂါခံစားနေရတယ်လို့ ပါရှိပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်း မင်းသမီးဟာ နှလုံးရောဂါကြောင့် သတိလစ်မေ့မြောသွားခဲ့ပြီး ဘုရင် ကျူလာလောင်ကွန်းဆေးရုံမှာ ထိုင်းကြက်ခြေနီအသင်းက ဆေးကုသမှုပေးခဲ့ပါတယ်။
ထိုင်းမင်းသမီးကို ကုသမှုပေးနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က မကြာသေးခင်က သွေးကြောထဲကို ရောဂါပိုးကူးစက်ခံထားရပြီး သွေးပေါင်ချိန်တည်ငြိမ်စေဖို့ ပဋိဇီဝဆေးအများအပြားကို ပေးထားရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မင်းသမီးကို အပြည့်အဝစောင့်ရှောက်မှုပေးနေပြီး သူမရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်။