“အယူအဆလွဲမှားမှုတွေကြားရောက်ရှိနေတဲ့ ဘာသာကြီးတစ်ခု”
“ဘာသာကြီး ၄ ခု ထဲမှာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီးတော့ လူတွေဟာ ထင်မြင်လွဲမှားမှုတွေ အန္တရာယ်လို့ ရှုမြင်သုံးသပ်တာမျိုးတွေကို ခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမပြောမယ်ဆိုရင်တော့ ကိုလိုနီဝါဒရဲ့ ကျနော်တို့ အစ္စလာမ်အပေါ်မှာ ပုံဖျက်တဲ့ သဘောတွေပေ့ါနော်။ အိန္ဒိယနိုင်ငံမှာလည်း သူတို့ အုပ်ချုပ်တဲ့ အချိန်မှာ ဒီအစ္စလာမ်ဘာသာဝင် ဗလီဆရာတွေ ကျောင်းဆရာတွေက မော်လဝီတွေ ဟာဖေ့စ်တွေ ကာလီတွပေ့ါနော်။ ဒီပညာရှင်တွေက ကိုလိုနီကို တော်လှန်တဲ့နေရာမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ ဆိုတဲ့အတွက်ကြောင့် သူတို့တွေ အင်အားနည်းသွားအောင်လို့ အစ္စလာမ်ဘာသာဝင်နဲ့ အစ္စလာမ်ဘာသာကို လက်ခံယုံကြည်တဲ့ ပုဂ္ဂိုလ်တွေဟာ အန္တရာယ်အဖြစ်ပုံဖော်ခံရပါတယ်။ ဒါ အိန္ဒိယမှာ ကတည်းကပေ့ါနော်။ …” လို့ မောင်လာနာ၊ ဟာဖွီးဇ်၊ ကာရီ ဦးစိုးနေဦးက အခုလိုပြောပါတယ်။