“သူနာပြုဆရာမအဖြစ်မှ ရိုးရာအထည်လုပ်ငန်းစတင်ခဲ့သူ” – The Kleepo Owner (အပိုင်း – ၂)
“သူတို့ပြောတဲ့ သူတို့ရဲ့ ဖြတ်သန်းမှုအကြောင်း” ရဲ့ ဒုတိယမြောက်တင်ဆက်မှုအနေဖြင့် The Kleepo Owner နောဘီး (ဖိဘီး) ပြောတဲ့ ကရင်အင်္ကျီတန်ဖိုးနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အလားအာတွေကို ရှုစားရမှာဖြစ်ပါတယ်။
နောဘီးဟာ ထိုင်းနိုင်ငံသား ကရင်လူနည်းစု လူမျိုးတစ်ဦးဖြစ်ပြီး အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြုဆရာမတစ်ဦးလည်းဖြစ်ပါတယ်။
မယ့်ရမတ်မှာ မွေးဖွားကြီးပြင်းတဲ့ မဲဆောက်နယ်သူ နောဘီးဟာ သူနာပြုအဖြစ် မဲဆောက်ဆေးရုံကြီး၊ အင်တာနေရှင်နယ်ဆေးရုံနဲ့ မယ့်ရမတ်အစိုးရ ဆေးရုံတွေမှာ သူနာပြုအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီလို အစိုးရ၊ ပုဂ္ဂလိက ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ရင်း ပြင်ပ အလုပ်တွေ အချိန်ပိုင်းလုပ်ကိုင်သလို အသက်အာမခံရောင်းချတာအပြင် အခြားလုပ်ငန်းမျိုးစုံကိုလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ ကရင်ရိုးရာအထည်တွေကို ရောင်းဖို့ အခွင့်အရေးရလာတဲ့ နောဘီဟာ မဲဆောက်ကနေတဆင့် ထိုင်းနိုင်ငံအဆင့်ထိ ရိုးရာထွက်ကုန်တွေကို ထိုးဖောက်နိုင်ခဲ့ပါတယ်။
အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ရုပ်သံ – Border Echo