Sky၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ Presented by Border Echo
လိင်အခြေပြုအကြမ်းဖက်မှုဖြစ်ပွားရသော အကြောင်းအရင်းများ၊ ကူညီစောင့်ရှောက်ရေးနည်းလမ်းများနှင့် မဲဆောက်ဒေသတွင်း အလားတူဖြစ်ရပ်များဖြစ်ပွားခဲ့ပါက အကူအညီတောင်းခံနိုင်သော အချက်အလက်များကို အပိုင်း (၂) တွင်ဖတ်ရှုရမှာဖြစ်ပါသည်။
အပိုင်း ( ၃ ) – Gender Based Violence ဖြစ်ပွားရသောအကြောင်းအရင်းများ –
- အန္တရာယ်ရှိသော ဓလေ့ထုံးတမ်းများ၊
- လိင်အပေါ်အခြေခံသောစကားများ၊ အယူအဆများ၊မညီမျှသောအခွင့်အရေးများ၊
- အလုပ်အကိုင်ရှားပါးခြင်း၊ လိင်အခြေခံ၍အလုပ်ခွဲခြားခြင်း၊
- တရားဝင်အထောက်အထားမရှိခြင်း၊ ဥပဒေအရအကာအကွယ်နည်းပါးခြင်း
- လူမှုအထောက်အပံ့နည်းခြင်း၊
- Gender Based Violence အကြောင်းသိမြင်နားလည်မှုနည်းပါးခြင်း၊
- ဖြစ်ပွားပါကမည်သည့်နေရာသို့ ဆက်သွယ်၊အကူအညီတောင်းခံရမည်ကို မသိရှိခြင်း စသည့်အကြောင်းအရင်းများကြောင့် ဖြစ်ပွားနေရပါသည်။
အပိုင်း ( ၄ ) – လေ့လာတွေ့ရှိချက်များ
- ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံထိစပ်ရာ Mae Sotဒေသတွင် LGBTများ၊ နယ်စပ်ဒေသမှ ထွက်ပြေးလာသောဒုက္ခသည်များ စသောvulnerable groupများအတွက် document/ legal statusမရှိခြင်း၊ မြန်မာနိုင်ငံသားမူကြမ်းများ စသည့်အခြေအနေများကြောင့် အန္တရာယ်သက်ရောက်မှုများရှိသည်။ Source; Out Right International (sept 2024 Report)
- အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ(migrant workers)များအတွက် မိမိနေထိုင်ရာပတ်ဝန်းကျင်တွင်လုံခြုံမှုမရှိခြင်း၊ တိုက်ခိုက်ခံ ရခြင်း၊ တရားဝင်အထောက်အထားမရှိခြင်း စသည့်ခံစားနေရမှုများရှိသည်။ Source; UNHCR
အပိုင်း ( ၅ ) – ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဖြစ်စဥ်များ၊ဖြစ်ရပ်များမိမိပတ်ဝန်းကျင်တွင်တွေ့ကြုံခဲ့ပါကဘယ်လိုလုပ်မလဲ? – ထိခိုက်သူအား အန္တရာယ်ကင်းသောနေရာတွင်ဦးစွာခေါ်ဆောင်ထားပါ။ ထိခိုက်သူအား အားပေးနှစ်သိမ့်မှုပေးပြီးလိုအပ်သည့်အကူအညီများပေးပါ။ ထိခိုက်သူအား အမြန်ဆုံးရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အကူအညီရရှိရန် အတွက် ကျန်းမာရေးအဖွဲ့အစည်းများ၊လူမှုဝန်ထမ်းအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ချက်ချင်းအကြောင်းကြားပါ။
အပိုင်း ( ၆ ) – ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဖြစ်စဥ်များ၊ဖြစ်ရပ်များလျော့နည်း/ ပပျောက်သွားအောင်ဘယ်လိုလုပ်မလဲ?
- လူထု၊ ကျောင်းသား၊အသက်ငယ်သူများကို လိင်အခြေပြုအကြမ်းဖက်မှု အကြောင်း၊ လက္ခဏာများ၊ သက်ရောက်မှုများကို မျှဝေခြင်း၊ပညာပေးခြင်း။
- အမျိုးသား၊ အမျိုးသမီးနှင့်LGBTQIA+ များအပေါ်မျှတသောလေးစားမှု ကိုထားရှိရန် သင်ကြားပေးခြင်း။
- မိသားစုအတွင်း ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းခြင်း။
- ပြဿနာဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းမပြုလုပ်ဘဲ အေးချမ်းစွာဆွေးနွေးခြင်း။
- မိမိကလေးမျာကို လိင်အပေါ်အခြေပြုခွဲခြားမှုမရှိအောင်သင်ကြားပေးခြင်း။
- နိုင်ငံအတွင်းရှိ အမျိုးသမီးများကာကွယ်ရေးဥပဒေများကို အသိပညာပေးခြင်း။
- မိမိပါတ်ဝန်းကျင်တွင်လိင်အခြေပြုအကြမ်းဖက်မှုဖြစ်စဥ်၊ဖြစ်ရပ်များကြားမိ၊မြင်မိလျှင်သက်ဆိုင်ရာအဖွဲ့အစည်းများသို့အကူအညီတောင်းပေးခြင်း၊ဆက်သွယ် တိုင်ကြားခြင်း။
- ဥပဒေကိုလိုက်နာပြီးလိင်အခြေပြုအကြမ်းဖက်မှုဖြစ်စဥ်၊ဖြစ်ရပ်များကိုတိုင်ကြားသူအား လုံခြုံအောင်ပြုလုပ်ပေးခြင်း၊အကာအကွယ်ပေးခြင်း။
- အကြမ်းဖက်မှုကျူးလွန်သူများ၊ အပြစ်ရှိသူများနှင့်တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်သောပြစ်ဒဏ်များချမှတ်ခြင်း။
- ထိခိုက်သူများအားစိတ်ကျန်းမာရေးအကူအညီနှင့်ဆေးဝါးအထောက်အပံ့များပေးခြင်း။
- မီဒီယာတွင်လိင်အခြေပြုအကြမ်းဖက်မှုဖြစ်စဥ်များဖော်ပြရာတွင် သက်ဆိုင်သူကို အနိုင်မကျင့်ဘဲ စိတ်ဝင်စားဖွယ်တန်ဖိုးရှိသောအနုပညာနည်းလမ်းဖြင့်သာ ဖော်ပြပေးခြင်း။
- မီဒီယာတွင် အမျိုးသမီးနှင့်LGBTများအပေါ် မလေးစားသောဖော်ပြချက်များ၊ ထုတ်ပြန်ချက်များကိုရှောင်ကြည်ခြင်း စသည့်အချက်များပြုလုပ်ရမည်ဖြစ်သည်။
အပိုင်း ( ၇ ) – ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဖြစ်စဥ်များ၊ဖြစ်ရပ်များမိမိနှင့်မိမိပတ်ဝန်းကျင်တွင်တွေ့ကြုံခဲ့ပါကဘယ်ကိုအကူအညီတောင်းရမလဲ?
- Mae Tao Clinic – လိင်အခြေပြုအကြမ်းဖက်မှုကြောင့်ထိခိုက်ခံရသူများအတွက်ဆေးဝါးကုသမှုနှင့် စိတ်ကျန်းမာရေးအကူအညီပေးခြင်း။ ဖုန်းနံပါတ် +၆၆၅၅၅၄၄၀၀၅
- Social Action for Women (SAW Foundation) – အမျိုးသမီးနှင့်ကလေးများအတွက် Shelter(လုံခြုံရာနေရာ)ပေးခြင်း၊ ဥပဒေအကြံဥာဏ်များပေးခြင်း၊အကြမ်းဖက်ခံရသူများအားစိတ်ပိုင်းဆိုင်ရာအကူအညီများပေးခြင်း၊ထောက်ပံ့ပေးခြင်း။ +၆၆၅၅၅၃၁၇၄၆၊ +၆၆၆၅၄၉၄၄၉၀၀
- Karen Women’s Organization (KW0) – ကရင်ဒေသအတွင်းGBVအကြမ်းဖက်ခံရသူများအတွက် လုံခြုံမှုနှင့်ဥပဒေအရ အကူအညီပေးခြင်း။ Facebook – Karen Women’s Organization – KWO
- Women’s League of Burma (WLB) – လိင်အခြေပြုအကြမ်းဖက်ခံရသူများအတွက် ဥပဒေအရထောက်ပံ့ပေးခြင်း၊သက်ဆိုင်ရာ NGOsများဖြင့် ချိတ်ဆက်ပေးခြင်း။ Website – www.womenofburma.org
- Mae Sot Hospital – One Stop Crisis Center(OSCC) – လိင်အခြေပြုအကြမ်းဖက်ခံရသူများအတွက် အခမဲ့ဆေးကုသပေးခြင်း၊ စိတ်ကျန်းမာရေး အကူအညီပေးခြင်း။ +၆၆၅၅၅၃၁၂၉၆၊ Hotline-1300
- Suwannimit Foundation – လိင်အခြေပြုအကြမ်းဖက်ခံရသူများအတွက် ဥပဒေရေးရာအကူအညီပေးခြင်း။ +၆၆၉၅၆၄၃၆၂၂၆
- MAP Foundation – +၆၆၅၃၃၂၈၁၃၄
- Mae Sot Police Station – လိင်အခြေပြုအကြမ်းဖက်ခံရသူများအတွက် တိုင်ကြားခြင်း၊ဥပဒေအရ ဆောင်ရွက်ပေးခြင်း။ ဖုန်း – ၁၉၁
“ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခြင်းကင်းစင်သောပတ်ဝန်းကျင်ဖြစ်စေဖို့လူတိုင်းပါဝင်ကြိုးစားစို့”
ဤဆောင်းပါးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာ သင်တန်းသား Sky မှ ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် ပူးပေါင်းတင်ဆက်ပါသည်







