ရွှေကုက္ကိုလ်မြို့က နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံဘက် ကူးသန်းခွင့်ကို ပိတ်ပင်ထားပြီး မြို့ပြင်ထွက်ချင်တဲ့ မြန်မာတွေလည်း နေထိုင်ခွင့်လက်မှတ်ရှိရန်လိုအပ်ဟုဆို

image for text news (2)

ရွှေကုက္ကိုလ်၊ နိုဝင်ဘာလ ၁၉

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့က ထွက်ပြေးလာတဲ့ နိုင်ငံခြားသားများ ထိုင်းနိုင်ငံဘက်ကူးသန်းခွင့် ပိတ်ပင်ထားတယ်လို့ ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Khaosod သတင်းဌာနက အစီရင့်ခံပြီး မြို့ပြင်ထွက်ချင်တဲ့ မြန်မာတွေလည်း နေထိုင်ခွင့်လက်မှတ်ရှိဖို့လိုတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူမှုကွန်ရက်များမှာ ရေးသားဖော်ပြနေပါတယ်။ 

နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းမယ်လို့ BGF က ကြေငြာပြီးနောက် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရထိုက်နဲ့ အဆက်အစပ်ရှိတဲ့ Changduiouye နှင့် Chaifuguangchai ဟော်တယ်တွေကို စီးနင်းမှု လုပ်ဆောင်ခဲ့ကြတာပါ။ 

ဒါ့အပြင် ငွေကြေးလိမ်လည်မှုဆောင်ရွက်တဲ့နေရာတစ်ခုကို စီးနင်းချိန်မှာတော့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြတယ်လို့ ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ The Reporters က ယမန်နေ့က အစီရင်ခံပါတယ်။ 

ရွှေကုက္ကိုလ်တရုတ်ဆိုဒ်က နိုင်ငံခြားသားမဟုတ်တဲ့ မြန်မာတွေကိုတော့ နေထိုင်ခွင့်လက်မှတ် ရှိမှ မြို့ပြင်ထွက်ခွင့်ပေးတယ်လို့ဆိုပြီး မြဝတီ-ရွှေကုက္ကိုလ် အကြို/အပို့ယာဥ်မောင်းတွေက ဆိုပြီး ယာဥ်ငှားခဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။  

ရွှေကုက္ကိုလ်မြို့အတွင်းမှာတော့ ဆိုဒ်တွေကနေ ထွက်လာတဲ့ နိုင်ငံခြားသားနဲ့ မြန်မာတွေကို ဈေးဆိုင်နဲ့ နေရာအချို့မှာ အခမဲ့ တည်းခိုခွင့်ပေးကြတာရှိပြီး မြို့တွင်း ကျားဖြန့်လုပ်ငန်းမှ ထွက်လာသူများနဲ့ တရုတ်ဟော််တယ်များကို ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးတဲ့ ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်တာရှိနေပါတယ်။ 

လတ်တလောတွင် လူအများအပြားထွက်ခွာပြီးတဲ့နောက် တရုတ်ဆိုဒ်နဲ့ လုပ်ငန်းနေရာတွေမှာ မြန်မာနိုင်ငံသား သန့်ရှင်းရေးဝန်ထမ်းအချို့၊ တရုတ်နိုင်ငံသားအချိုနဲ့ စစ်သားတွေရှိနေကြတယ်လို့ ဒေသခံတစ်ဦးက သတင်းခန်းကို အတည်ပြုပါတယ်။ 

သို့သော်လည်း ယင်းစစ်သားများသည် မည်သူမည်ဝါ မည်သည့်တပ်ဖွဲ့ဝင်များဖြစ်သည်ကိုတော့ အဆိုပါသတင်းရင်းမြစ်က ဖြေကြားခဲ့မရှိပါဘူး။

သတင်း – Border Echo
ဓါတ်ပုံ – Online
#borderlines #universe #thailand #basic #universe #mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top