ရွှေကုက္ကိုလ်၊ နိုဝင်ဘာလ ၂၁
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်က ရွှေကုက္ကိုလ်က အဆောက်အအုံတွေကိစ္စနောက်ဆက်တွဲကိုင်တွယ်မှုအပေါ် စိုးရိမ်မကင်းရှိရတယ်လို့ ကရင့်နယ်ခြားစောင့်တပ်ဖွဲ့၊ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က BGF က ထိုင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ပါတယ်။
သို့သော်လည်း ရွှေကုက္ကိုလ်မှာရှိတဲ့ အဆောက်အအုံတွေဟာ အခြားတရုတ်ဆိုဒ်တွေလို မဟုတ်ပဲ အစိုးရထံမှ တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
တရားဝင်ပါမစ်နဲ့ ဆောက်လုပ်ထားပေမယ့် KK Park လိုဖြိုချခံရနိုင်ချေ ရှိ/မရှိ ထိုင်းမီဒီယာဘက်မှ မေးမြန်းရာမှာတော့ စိုးရိမ်ဆဲဖြစ်နေတဲ့ အခြေအနေတွေရှိနေပါသေးတယ်။
“လက်ရှိမှာ ရွှေကုက္ကိုလ်ကကျတော့ တရားဝင်မြို့လည်းဖြစ်တယ်ပေ့ါနော်။ နောက်ပြီးတော့ တရားဝင်လူနေအဆောက်အဦးတွေ ဆောက်လုပ်ဖို့ ကျထားတဲ့ နေရာဖြစ်တယ်။ ဟိုဘက်ကျတော့ KK Park ကျတော့ ခွင့်ပြုချက်မရှိတဲ့နေရာမျိုးတွေဖြစ်နေတာပေ့ါနော်။ နေရာ ၂ ခုကတော့ မတူတာတော့ရှိတယ်။ မစိုးရိမ်ဘူးရယ်လို့တော့ ပြောလို့မရဘူးပေ့ါ။ အထက်က လူကြီးတွေရဲ့ ညွှန်ကြားချက်ကို စောင့်ကြည့်ရမှာပေ့ါ” ဟု ကရင့်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ထိုင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ရွှေကုက္ကိုလ်တခွင်က ကျားဖြန့်ရှင်းလင်းရေးကိုတော့ စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ့အတူ ဆောင်ရွက်နေပြီး စီမံချက်ရက်အတိုင်အတာတော့ အကန့်အသတ်မရှိဘူးလို့ဆိုပါတယ်။
လုပ်ငန်းများပြီးစီးဆောင်ရွက်နိုင်တဲ့အခါ ကျားဖြန့်နှိမ်နှင်းရေးဆိုင်ရာ ကိန်းဂဏန်းနဲ့ အချက်အလက်တွေကို သီးခြားထုတ်ပြန်မယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဆိုပါတယ်။
သတင်း – Border Echo
ဓါတ်ပုံ – ကိုအောင်အောင်
#borderlines #universe #thailand #basic #universe #mojo
ကျားဖြန့်တွေ စွန့်ခွာသွားတဲ့ ရွှေကုက္ကိုလ်က အဆောက်အအုံအရေး နောက်ဆက်တွဲကိစ္စ စိုးရိမ်မကင်းရှိတယ်လို့ BGF တုံ့ပြန်







