ထိုင်းဘက် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်သူတွေအထဲ အသက်  ၆ နှစ်အရွယ် မြန်မာကလေးငယ် ၁ ဦးပါဝင်

592033207 1268708431958492 8145870228611282491 n

မဲဆောက်၊ နိုဝင်ဘာလ ၃၀ 

ထိုင်းဘက်ခြမ်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သူတွေထဲ အသက် ၆ နှစ်အရွယ် မြန်မာကလေးငယ် ၁ ဦးပါဝင်ပြီး ထိုင်းစစ်တပ်မှ ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့ပါတယ်။ 

နိုဝင်ဘာလ ၃၀ ရက်နေ့ဖြစ်တဲ့ ယနေ့မနက်ခင်းမှာ ထိုင်း-မြန်မာနယ်စပ်အနီးဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် မဲ့ကော်ကင်းကျေးရွာရှိ မြန်မာကလေးငယ်တစ်ဦးဟာ မော်တာကျည်လွင့်စင်ရာမှ မြန်မာကလေးငယ်တစ်ဦး အစစင်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ สำนักข่าวนครแม่สอด စာမျက်နှာမှာဖော်ပြထားပါတယ်။ 

ယင်းကလေးငယ်ကို ICRC ရဲ့ အစီအစဥ်ဖြင့် မဲဆောက်ဆေးရုံကြီးတွင် ကုသမှုပေးနေပြီး အအခြေအနေကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ 

မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ မဲကော်ကင်းတဖက်ခြမ်း မင်းလက်ပံကျေးရွာအနီး တိုက်ပွဲဖြစ်နေပြီး နယ်စပ်ဖြတ်ကျော်ကာ ကျည်ဆံနဲ့ လက်နက်ကြီးအချို့ ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွခဲ့ပါတယ်။ 

ဖြစ်စဥ်အတွင်း အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့သလို ဖြစ်စဥ်ဖြစ်ပွားရာနေရာမှာပဲ ကုသမှုပေးနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ထိုင်းနယ်ခြားတပ်ဖွဲ့ နာရေဆွန်ရဲ့ ကွပ်ကဲရေးမှူး ထိခိုက်သူနဲ့ မိသားစုတွေကို အားပေးစကားပြောကြားထားတာရှိပါတယ်။ 

လတ်တလောတွင် ယင်းဖြစ်စဥ်နောက်ဆက်တွဲမှာ မဲကော်ကင်းနယ်စပ်ကို လုံခြုံရေးအထူးတင်းကျပ်ထားပြီး ပြည်သူတွေ မထိခိုက်စေဖို့ အခြေအနေစောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

သတင်း – Border Echo 
Ref၊ ဓါတ်ပုံ – สำนักข่าวนครแม่สอด 

#borderlines #universe #thailand #basic #universe #mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top