အသက် ၁၆ နှစ်အောက် အရွယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုမှု တားဆီးဖို့ Social Media Ban ကို  ထိုင်းအစိုးရ စတင်စဥ်းစားနေ

image for text news

ဘန်ကောက်၊ ဇန်နဝါရီလ ၁၃

ထိုင်းနိုင်ငံမှာ အသက် ၁၆ နှစ်အောက် အရွယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုမှု တားဆီးဖို့ Social Media Ban ကို ထိုင်းအစိုးရ စတင်စဥ်းစားနေတယ်လို့ The ASEAN Now သတင်းဌာနက အစီရင်ခံပါတယ်။

သြစတြေးလျနိုင်ငံအတွင်း ယင်းလုပ်ငန်းစဥ်ကို အကောင်အထည်ဖော်ရာတွင် အောင်မြင်ခဲ့တာကြောင့် ထိုင်းဘက်မှ အလားတူပြုလုပ်ဖို့ မျက်စိကျနေပြီး ဒစ်ဂျစ်တယ်စွဲလန်းမှုနှင့် အန္တရာယ်ဖြစ်စေတဲ့ ဖော်ပြချက်တွေမှ ကလေးငယ်တွေကို တားဆီးနိုင်ဖို့ အွန်လိုင်းလုံခြုံရေး ပြင်ဆင်မှုဥပဒေမူကြမ်းကို သြစတြေးလျအစိုးရ က ပြဌာန်းခဲ့တာပါ။

စစ်တမ်းတစ်ခုဖြစ်တဲ့ Ipsos ရဲ့ ဖော်ပြချက်တွင်လည်း ထိုင်းနိုင်ငံသားရဲ့ ၈၇ ရာခိုင်နှုန်းဟာ အသက် ၁၄ နှစ်အရွယ်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုမှု ရပ်တန့်စေဖို့ လိုလားကြတယ်လို့ ပါရှိပါတယ်။

ဒါပေမယ့်လည်း ထိုင်းအစိုးရက ဆောင်ရွက်ဖို့ ရှိိနေတဲ့ ယင်းအခြေအနေအပေါ်တွင် ဝေဖန်မှုလည်းရှိနေပြီး ကလေးသူငယ်တွေကို ကာကွယ်နိုင်ဖို့ ဆိုရှယ်မီဒီယာ သာမက ဂိမ်းတွေကိုလည်း တားဆီးသင့်တယ်လို့ ထောက်ပြ ကြပါတယ်။

မိဘနှင့် ဆရာ၊ ဆရာမတွေကတော့ ဒီအပေါ်မှာ ဝိဝါဒကွဲပြားလျှက်ရှိပြီး ဆိုရှယ်မီဒီယာ Ban တာဟာ ကျောင်းသူ၊သားများရဲ့ အာရုံစူးစိုက်မှု မြင့်တက်လာဖို့၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် ကောင်းတယ်လို့လည်း ဆိုကြပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာတော့ လတ်လလောကာလအတွင်း ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ဆွေးနွေးမှု တွေမြင့်တက်နေပြီး ထိုင်းလူငယ်တွေကို ကာကွယ်ဖို့ မိသားစုတွေပါ ပါဝင်လာရေးကို နည်းဥပဒေအရ သတ်မှတ်ပြီး အလေးပေးဆောင်ရွက်စေရန် ထိုင်းဥပဒေသမားတွေက တိုက်တွန်းနေကြပါတယ်။

သတင်း – Border Echo
ဓါတ်ပုံ၊ Ref – Asean Now

borderlines #universe #thailand #basic #universe #mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top