ထိုင်းဘက်မီးဖြတ်၊ မြဝတီဘက်် တံတားကူးလက်မှတ်ထုတ်ဝေရေး မနက်ဖြန် နေ့တဝက်နားမယ်

image for text news

စုံ/မ ယာဥ်မောင်းစနစ်ကို တံတားမှာ စတင်ကျင့်သုံးနေပြီး လျှပ်စစ်ကားများ နေ့ရက်မရွေး ဖြတ်သန်းနိုင်

မြဝတီ၊ မတ်လ ၇

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်မှ လျှပ်စစ်မီးပြုပြုရန်အတွက် မီးဖြတ်တောက်မှာဖြစ်လို့ မြဝတီလဝကဘက် ယာယီတံတားကူးလက်မှတ်၊ ပတ်စ်ပို့နဲ့ နယ်စပ်ကူးဆိုင်ရာ လုပ်ငန်းစဥ်ကို မနက်ဖြန် မတ်လ ၈ ရက်နေ့တွင် နေ့တဝက်နားမယ်လို့ သိရပါတယ်။ 

၂ ဖက်နိုင်ငံအကြား လဝက ဝန်ဆောင်မှုများအတွက် မဲဆောက်မှ​ မြဝတီဘက်ကို လျှပ်စစ်မီးသွယ်တန်းထားတာရှိပြီး ကဒ်ထုတ်ပေးခြင်း၊ စကင်ဖတ်ခြင်းနဲ့ လက်ဗွေနှိပ်ခြင်းများအတွက် လျှပ်စစ်မီးကို အဓိကထား အသုံးပြုရတာပါ။​

ဒေသခံသတင်းရင်းမြစ်တစ်ဦးရဲ့ အတည်ပြုချက်အရ မြဝတီလဝက တံတားကူးလက်မှတ်ထုတ်ပေးခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၈ နာရီမှ နေ့လည် ၁ နာရီအထိ ရပ်တန့်ထားမယ်လို့ ဆိုပါတယ်။ 

၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ဖြစ်တဲ့ ယနေ့မှာတော့ စစ်ကောင်စီက လတ်တလောထုတ်ပြန်ထားတဲ့ စုံ/မ ယာဥ်မောင်းစနစ်ကို စတင်ကျင့်သုံးနေပြီး လျှပ်စစ်မော်တော်ယာဥ်များတော့ နေ့ရက်မရွေးသွားလာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းသတ်မှတ်ချက်ကြောင့် မြဝတီ-မဲဆောက် နေ့စဥ်သွားလာနေတဲ့ ကျောင်းကားများလည်း အခက်အခဲရှိနေပါတယ်။ 

အီရန်စစ်ပွဲနောက်ဆက်တွဲ လောင်စာဆီ ဂယက်ကြောင့်လည်း မဲဆောက်ဘက်ကို မြန်မာမော်တော်ယာဥ်များ ဝင်ရောက်နေကြသလိုပဲ မဲဆောက်က လောင်စာဆီဆိုင်အချို့မှာ မြန်မာနံပါတ်ပါ ကားတွေကို ဘတ်ငွေ ၁၀၀၀ ဖိုးအထိသာ ရောင်းချပေးခြင်းနဲ့ လုံးဝ မရောင်းချဖို့ ကြေငြာထားတာတွေလည်း ရှိနေပါတယ်။ 

သတင်း၊ ဓါတ်ပုံ  – Border Echo

#borderlines #universe #thailand #basic #universe #mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top