ထိုင်းလဝက ဗျူရိုက ယာယီနေထိုင်ခွင့်ကိုင်ဆောင်တဲ့ နိုင်ငံခြားသား အယောက် ၁ သောင်းကို ဗီဇာရုတ်သိမ်း

537900518 122295235694003545 216919282100552290 n

ကျောင်းသားဗီဇာအပါအဝင် ယာယီဗီဇာကိုင်ဆောင်သူ နိုင်ငံခြားသား အယောက် ၁ သောင်းကို ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက နေထိုင်ခွင့် ရုတ်သိမ်းလိုက်တဲ့အကြောင်း ထိုင်းအဆင့်မြင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါဆောင်ရွက်ချက်ဟာ ထိုင်းနိုင်ငံအတွင်း ရောက်နေတဲ့ နိုင်ငံခြားသားတွေ ကျောင်းသားဗီဇာကိုသုံးပြီး တရားမဝင်အလုပ်နေတဲ့ အခြေအနေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအဆင့်မြင့်ပညာရေးဝန်ကြီး ဆူဒါဝန်ရဲ့ သောကြာနေ့ ပြောကြားချက်အရ နိုင်ငံတကာကျောင်းသားတွေအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်မဟုတ်တဲ့ ကာလတို သင်တန်းတွေအတွက် ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တချို့ကို ထိုင်းလဝက ဗျူရိုနဲ့ ဆွေးနွေးတယ်လို့ ပါရှိတာပါ။

ဒ့ါအပြင် ထိုင်းနိုင်ငံအတွင်း ဘွဲ့ကြို၊ ဘွဲ့လွန်မဟုတ်တဲ့ ကာလတိုသင်တန်း တက်ရောက်ဖို့ အမည်စာရင်းပေးသွင်းတဲ့ နိုင်ငံခြားသားများကို ဗဟိုချုပ်ကိုင်တဲ့အချက်အလက်စနစ်တစ်ရပ်နဲ့ အကောင်အထည်ဖော်မယ့်အ ကြောင်း အဆင့်မြင့်ပညာရေးနဲ့ လဝက​ဗျူရိုတို့ သဘောတူညီထားကြပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top