ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ စနေနေ့အပတ်စဉ် ဝါတွင်း ဥပုသ်ဆွမ်းလှည့်တဲ့ မြင်ကွင်းများဖြစ်ပါတယ်။
ရွှေ့ပြောင်းမြန်မာတွေ ဦးဆောင်တဲ့ ဝါတွင်း ဆွမ်းလှည့်အစီအစဉ်ဟာ အပတ်စဉ်စနေနေ့တိုင်း မဲဆောက်မြို့ တဝိုက် အလှူခံကြပြီး အိမ်ရှင်ထိုင်းနိုင်ငံသားတွေကလည်း လှူဒါန်းပါဝင်ကြပါတယ်။ဒီလိုဆွမ်းလှည့်မထွက်ခင် ပါဝင်မယ့်သူတွေအနေနဲ့ ငါးပါးသီလခံယူကြရတယ်လို့လည်း ဆွမ်းလှည့် အသင်း တာဝန်ခံက Border Echo ကိုပြောပါတယ်။